မိုးက
အငြိုးနဲ့ ရွာ
လေတွေလည်း ပါတယ် …


သစ်ပင်တွေ ယိမ်းထိုး
အငြိမ်းနဲ့ မိုးမင်းသမီးရယ်
ငါ့တစ်ကိုယ်လုံးကို
ရွှဲရွှဲစိုစေတယ် …


မနက်က နေသာလို့
ထီးက မပါ
ဒီလို အခါမှ
မင်းက တအားရွာချတယ် …


မင်း …
ရက်စက်တယ်ကွယ် ….. ။

By - မဟာရာဇာ အံစာတုံး မောင်ရွာ ရေပုလင်း
===========================