- တွေ့လာသမျှ
ကောင်းဆိုးမှန်သမျှကို
ရင်ဘတ်နဲ့ ခံစားရင်း
မွေးရာပါ သေခြင်းတရားကို
နောက်ကျောဘက်မှာပဲ
ထားခဲ့တယ် …..
- တစ်ကမ္ဘာလုံးကို
အလင်းရောင်ပေးနေတဲ့
အင်ဂျင်မဲ့ နေမင်းကြီး
အနောက်အရပ်ဆီက
လက်ပြ နှုတ်ဆက်သွားတာ
ခဏခဏ ကြုံခဲ့ရပေမယ့်
စိတ်ထဲမှာတော့ ဘာမှ မထူးဆန်းသလိုပဲ …..
- ဘဝ ဆိုတာ တိုက်ပွဲ …. တဲ့
မွေးကတည်းက
စစ်မြေပြင်ထဲမှာဆိုတော့
တိုက်ရင်း ခိုက်ရင်း
သတ်ဖြတ်ရင်းနဲ့ပဲ
ကြီးပြင်းခဲ့ရတယ် …..
- အစကတော့
အဖြူရောင် နှလုံးသားပါပဲ
နောက်တော့
သွေးစွန်းနေတဲ့ ဓါးတစ်လက်နဲ့
မုသားဆိုတာလည်း
ပါးစပ်နဲ့ အပြည့်ပါပဲ …..
- လူတကာ လျောက်လှမ်းနေတဲ့
သမာရိုးကျ ဒီလမ်းမကြီးပေါ်မှာ
လှမ်းလျောက်သွားရင်းနဲ့
လောဘ မျက်မှန်ရဲ့အောက်မှာ
စက္ကူတွေတောငှ်
ရွှေရောင် တောက်လာခဲ့တယ် …..
- စားဝတ်နေရေးဆိုတဲ့
အရင်းနှီးဆုံး
မိတ်ဆွေကြီးသုံးဦးနဲ့
တစ်နေကုန် တစ်နေခမ်း
အခြေအတင် ဆွေးနွေးနေခဲ့တ
ညဘက် အိပ်ရာထက်
ရောက်နေခဲ့တာတောင်မှ
ဒီပြဿနာတွေက
ခေါင်းထဲက ထွက်မသွားခဲ့ပါဘူး …..
- ရည်ရွယ်ရာ
ပန်းတိုင်ကို မော်ကြည့်ရင်း
လျောက်လှမ်းလာလိုက်တာ
အရှေ့နားက ကျောက်ခဲကို မမြင်မိဘဲ
ခလုတ်တိုက်လို့
မှောက်ရက်လဲခဲ့ရတဲ့
အဖြစ်တွေလည်း
ကြုံခဲ့ရပေါင်းများပြီ …..
- တကယ်ဆို
လည်မလိုလိုနဲ့ အ နေတာ
ငါ့ကမ္ဘာမှာ မရှိသင့်တာ
သေခြင်းတရားပါပဲ ………..။
Labels: ကဗျာ

Post a Comment