အဲဒီနေ့ ညနေက
မိုး မရွာဘူး
နေလည်း မသာပါဘူး …

အပြုံးနဲ့ လမ်းခွဲဖို့ ပြောခဲ့တယ်
ကျနော့်ဘက်က မဟုတ်ဘူး
သူ့ဘက်က ….

စိတ် မဆိုးပါနဲ့ … တဲ့
ပြီးတော့ …
ဘယ်လို ခံစားရလဲ … တဲ့
အဲဒီအချိန်က သူမ ပြောခဲ့တဲ့စကား
ခုထိ ကြားယောင်နေသေးတယ် ….



စိတ် မဆိုးပါဘူး ..
ငါ မပြောတတ်ဘူးဟာ …
ငါ ဘာမှ မပြောတတ်တော့ဘူး ….
ငါ သွားတော့မယ် …..

သူမရဲ့ဘေးက
ဒဏ်ရာ အနာတရနဲ့ ထွက်ခွာခဲ့စဉ်က
ကျနော် ဒါတွေပဲ ပြောတတ်ခဲ့ပါတယ်
တကယ်ပါပဲ …
ရင်ထဲက ခံစားချက်တွေကို
ပုံဖော်ဖို့ စကားလုံးတွေက
အဲဒီ အချိန်မှာ
ဘာဖြစ်လို့ ပျောက်နေခဲ့ရတာလဲ …

ရင်ထဲမှာ
ခါတိုင်းထက် တအားလေးနေတယ်
သူမကို ချစ်ခဲ့တဲ့ အချစ်တွေ
နေရပ်ပြန်လာလို့ ထင်ပါရဲ့ …

ရည်ရွယ်ထားသမျှ ပြာကျ
ခံစားရသမျှကိုလည်း
သူမထံပါး ရင်ဖွင့်ကာ ပြလိုက်ချင်ရဲ့
ဒါပေမယ့် ….

နှလုံးသားရဲ့
ဟိုးးးးးးး အနက်ရှိုင်းဆုံးဆီကို
တစ်စုံတစ်ခု ပစ်ချလိုက်တယ်
“အချစ်ဦး ပစ်သွားခဲ့ဖူးတယ် …
အပြုံးနဲ့ လမ်းခွဲခဲ့၊ ဒီနေ့ ဒီရက် ……………။


By - မဟာရာဇာ အံစာတုံး | မောင်ရွာ | ရေပုလင်း
===========================