ငယ်ရွယ်၊ လွတ်လပ်
အကန့်သတ်မဲ့စိတ်ကူးနဲ့
ငါ့ရဲ့အိပ်မက်ထဲမှာ
ကမ္ဘာကြီးကို ပြောင်းပစ်မယ် …


အသက်ကလေးရလာ
ပညာဆိုတာ နည်းနည်းသိ
ပြန်ကြည့်လိုက်တော့မှာ
ကမ္ဘာကြီးဟာ ကမ္ဘာကြီးပါပဲ . . .



အိပ်မက်ကို ဈေးဆစ်
ငါချစ်တဲ့ငါ့တိုင်းပြည်
တစ်ခုခုဖြစ်ရမည်ပေါ့
သည်တစ်ခါလည်း
တိုင်းပြည်ဟာ တိုင်းပြည်ပါပဲ . . .

ဘ၀ရဲ့ဆည်းဆာချိန်
အိပ်မက်တွေ အရှိန်ကုန်စ
ဇနီးမယား သမီးသားအတွက်
ပေးဆပ်ဖို့ ကြိုးစားဆဲ
သူတို့လည်း သူတို့ဘာသာ
မိသားစုဟာ ဒီအတိုင်းပါပဲ . . .

သေရာညောင်စောင်း
လဲလျောင်းချိန်ရောက်တော့မှ
ငါ သိရပြီ (ပထမဦးဆုံးအကြိမ်ပါ)
ငါဟာ ငါပဲ၊ ဘာမှ မပြောင်းလဲ . . . . . ။


ကျော်ဝင်း
“နှစ်ဆယ့်တစ်ရာစု သားရွှေဥ” စာအုပ်မှ