ရွယ်ရည်စူး ထားခဲ့ဖူးသူမို့
ကြိုးစားပြီး မေ့ထားပေမယ့်လည်း
နေရာဟောင်းတွေဆီ ပြန်ရောက်သွားတိုင်း
ဟိုအရင်က အငွေ့အသက်တွေဟာ
ရင်ကိုလာပြီး ရိုက်ခတ်တယ် …
နေစရာရှာမရဘဲ အသက်ရှင်ခဲ့ရတယ် …
ဒါပေမယ့်လည်း
အသည်းကိုတော့
တစ်စစီ ဖဲ့ခြွေသွားခဲ့တယ် …
အိပ်မရခဲ့တဲ့ ညတွေရဲ့အလယ်
အရူးတစ်ယောက်လိုပဲ မိုးလင်းခဲ့ရတယ် …
လူကြားသူကြားမှာ ပြုံးတတ်တဲ့အထိ
တိုးတက်လာခဲ့တယ် …
နှလုံးသားရဲ့ ထောင့်နားမှာ
လုံခြုံစွာနဲ့ သိမ်းထားခဲ့တယ် …
ဆိုရုံလေးပါပဲ ………….. ။
ကြိုးစားပြီး မေ့ထားပေမယ့်လည်း
နေရာဟောင်းတွေဆီ ပြန်ရောက်သွားတိုင်း
ဟိုအရင်က အငွေ့အသက်တွေဟာ
ရင်ကိုလာပြီး ရိုက်ခတ်တယ် …
သူ လမ်းခွဲသွားခဲ့စဉ်ကကမ္ဘာမှာ ယောက်ချာချာနဲ့
နေစရာရှာမရဘဲ အသက်ရှင်ခဲ့ရတယ် …
အချစ်ဦးမို့ရူးလောက်အောင်ချစ်ခဲ့တာလည်း သူအသိ
ဒါပေမယ့်လည်း
အသည်းကိုတော့
တစ်စစီ ဖဲ့ခြွေသွားခဲ့တယ် …
နှလုံးသားထဲက ဒဏ်ရာနာကျင်လွန်းတာကြောင့်
အိပ်မရခဲ့တဲ့ ညတွေရဲ့အလယ်
အရူးတစ်ယောက်လိုပဲ မိုးလင်းခဲ့ရတယ် …
သူ့အတွက်နဲ့ အသည်းလည်း ကျွမ်းမျက်ရည်လည်း ခမ်းခဲ့တယ် …
အခုတော့ဒီဒဏ်ရာတွေကို ကုစားရင်း
လူကြားသူကြားမှာ ပြုံးတတ်တဲ့အထိ
တိုးတက်လာခဲ့တယ် …
ခဲမှန်ဖူးတဲ့ စာသူငယ် ဖြစ်ပေမယ့်လည်းသူ့ရဲ့ နာမည်လေးကိုတော့
နှလုံးသားရဲ့ ထောင့်နားမှာ
လုံခြုံစွာနဲ့ သိမ်းထားခဲ့တယ် …
အချစ်ဦး ….ဖြစ်ခဲ့ဖူးတယ် ….
ဆိုရုံလေးပါပဲ ………….. ။
By - မဟာရာဇာ အံစာတုံး မောင်ရွာ ရေပုလင်း=========================
Labels: ကဗျာ
Post a Comment