ဂူ …
ယူပါ
ငါ့ရဲ့ ကြေကွဲမှုတွေ …

ဂူ …
ယူပါ
ငါ့ရဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်
မျက်ရည်စက်တွေ …

ဂူ …
ယူပါ
ငါ့ရဲ့ နှမြောတွန့်တိုမှုတွေ …

ဂူ …
ငါ့ အချစ်ဆုံးသူကို ယူ
အပူတွေလည်း ပေး
ခပ်လေးလေး
ခြေလှမ်းတွေနဲ့
အိမ်ပြန်စေခဲ့ပြီ …..။

By - မဟာရာဇာ အံစာတုံး | မောင်ရွာ | ရေပုလင်း
===========================