ပြတင်းတံခါးကို
တွန်းဖွင့်လိုက်ချိန်
အအိပ်မက်တဲ့ နေ
ရောက်မလာသေးပေ …
လေညှင်းတွေက
အလုအယက်
ငါ့ကို
ဇွတ်တိုးဖက်ကြတယ် …
တိတ်ဆိတ်ဆဲ
ပတ်ဝန်းကျင်ကြားက
ငှက်ငယ်လေးတို့ရဲ့
တွန်ကျူးသံတွေဟာ
မနက်ခင်းရဲ့ဟန်ပန်
ခေါင်းလောင်းသံလေးတွေလား …
အမှောင်တွေကင်း
မိုးလင်းစ
ကောင်းကင်အောက်မှာ
စံပယ်ဖြူတွေပွင့်လန်းနေကြတာ
နှစ်သက်ကြည်နူးစရာပါ …
ဒီမနက်ခင်းလေးထဲ
သစ်ရွက်လေးတွေလည်း
ငြိမ်သက် …
ရစ်ပတ်ဖို့ မရည်စူး
ဒါပေမယ့်
ချစ်တတ်ရင်
မနက်ခင်းရဲ့အလှဟာ
သိမ်းပိုက်ထားချင်စရာ …
ဒီမနက်ခင်း အလင်းဖျော့ဖျော့ထဲ
ငါ့ရင်ထဲမှာလည်း
မင်းပုံရိပ်တွေနဲ့
လှုပ်ခတ်လာခဲ့တယ် ချစ်သူ …………. ။
By - မဟာရာဇာ အံစာတုံး|မောင်ရွာ|ရေပုလင်း==========================
Labels: ကဗျာ

Post a Comment